သူငယ်ချင်းတို့ရေ၊ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းဆိုတဲ့
နှစ်ဖြာသော သုခနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းလျက်ပါနော်၊ ပျင်းနေတဲ့
ကျနော့ သူငယ်ချင်းတွေအတွက် အပျိုကြီး (ခ) အပျိုဂျီး တစ်ယောက်အကြောင်း
ပြောပြမယ်နော်၊ မယုံရင်တော့ ပုံပြင်လို့မှတ်ပါ၊ အင်း.... ဒါပေမဲ့
အပျိုဂျီးတွေကတော့ သေသေချာချာ မှတ်သွားကြနော်....
ကျနော် အခုပြောမှာကတော့ ရန်ကုန်မြို့က အပျိုဂျီး
မမဟန်နီရဲ့ အကြောင်းလေးပါ၊ မဟန်နီက နေ့စဉ်နေ့တိုင်း ဘတ်(စ်)ကားစီးပြီး
ရုံးတက်ရသတဲ့၊ အင်း... ရန်ကုန်သားတွေ အကြောင်းလည်း ကြားဖူးတယ်နော် လစ်ရင်
လစ်သလိုသုတ်တာလေ၊ ဒါပေမဲ့ မဟန်နီကတော့ သူတို့ရန်ကုန်သားတွေအကြောင်းလည်း
သိပြီးသား သူကိုယ်တိုင်ကလည်း လာမစနဲ့ ပြာကျသွားမယ် ဆိုတဲ့ အပျိုဂျီးမျိုး၊
ဘတ်(စ်)ကားစီးတိုင်းလည်း သူ့ရဲ့ပါတော်မြဲက အပ်ချိတ်တဲ့လေ၊ လာမထိနဲ့
လျှာတိလိ ဖြစ်သွားမယ် ဆိုတဲ့ မဟုတ်မခံ စိတ်ဓါတ်မျိုး၊ အရိုးမပါတဲ့
မြွေဆိုးတွေကိုလည်း သိပ်မုန်းသတဲ့၊
တစ်နေ့တော့ ဘတ်(စ်)ကားနဲ့ ရုံးကိုအသွား ကားပေါ်မှာလည်း
ခရီးသည်တွေက ကြပ်သိပ်နေတာပေါ့ဗျာ၊ ရန်ကုန်က စပယ်ယာလေ လေမတိုးနိုင်အောင်
လူကိုတင်တတ်တဲ့ပညာတွေ သင်ထားတာပဲကိုး၊ အင်း... အဲ့ဒီမှာ ကားက
ဘရိတ်အုပ်လိုက်တိုင်း သူ့နောက်ကို ပူပူနွေးနွေး အရာကြီးက လာထိထိနေတော့
အပျိုဂျီးက သတိထားမိတာပေါ့၊ ပါးတယ်လေ ရန်ကုန်သူဆိုတော့ အသာလေးလည်း နောက်ကို
လှည့်ကြည့်လိုက်သေးတယ်၊ တွေ့တာပေါ့ အမျိုးသားတစ်ယောက်၊ ဒီတော့ အပျိုဂျီးက
ဟင်း... နှမချင်း မစာနာရကောင်းလား ဆိုပြီး ဒေါသတွေ ထွက်တာပေါ့ဗျာ၊
ဒီတော့လည်း သူ့ရဲ့ပါတော်မြဲလေးကို အသင့်လုပ်ထားတာပေါ့၊ (အပ်ချိတ်ကို
ပြောတာနော်) ဒီလိုနဲ့... ကားမှတ်တိုင် တစ်ခုကိုလည်း ရောက်ခါနီးရော ကားက
အုတ်တာပေါ့ ဘရိတ်ကို အဲ့ဒီမှာ အပျိုဂျီးကလည်း သူ့နောက်ကို လာထိတဲ့
ပူပူနွေးနွေးကြီးကို လူမသိအောင် ပါတော်မြဲ တွယ်ချိတ်နဲ့
လှည့်မကြည့်ဘဲ...... ထိုးချလိုက်တာပေါ့ဗျာ၊ အဲ့ဒီမှာတင် အနီးအနားက
ခရီးသည်တွေ ပွက်လောရိုက်ကုန်တော့တာပဲတဲ့လေ၊ ""ဟင်.... ဘယ်လိုဖြစ်တာတုန်း""
""ပေကုန်ပါပြီ"" ""ပွကုန်ပါပြီ"" ဆိုတဲ့ အသံတွေပေါ့ဗျာ၊
အင်း.... အပျိုဂျီး ချိတ်နဲ့ထိုးချလိုက်တဲ့ ပူပူနွေးနွေးကြီးက....
သူထင်ထားသလို မဟုတ်ဖူးလေ၊ သူ့နောက်ကခရီးသည် အမျိုးသားတစ်ဦးက သူ့အိမ်အတွက်
ဝယ်လာတဲ့ လက္ဖက်ရည် ပါဆယ်အိတ်လေး ပါတဲ့ဗျာ၊