အလုပ်ဖြစ်ရုံ အဖြစ်လုပ်မလို့လား ... ?
လူမှာ ..... ဂုဏ်သိက္ခာတွေ မျောသွားရင်
ယုံကြည်မှုတွေ လျောသွားရင်ဖွဲနဲ့ဆန်ကွဲအောက်
စိုးရိမ်ရေမှတ်ရောက်ပြီ မိတ်ဆွေ
အဓိပ္ပာယ်နဲ့နေမလား ...?
အဓိပ္ပာယ်နဲ့သေမလား ....?
သေခြင်းတရားမှာ
ဘ၀ရဲ့တန်ဖိုးကို
ရှာမတွေ့သေးသမျှ
လူဟာ မသေသင့်သေးဘူး မိတ်ဆွေ
မီးတွေ လောင်နေသလား ?
ဒါဟာ ငါတို့ဖန်တီးရမယ့် ဂီတ
ဒုက္ခတွေနဲ့ရှုပ်ပွနေသလား
ဒါဟာ မောင်းနှင်အားအတွက် လောင်စာ
နာကျင်ခံစားတတ်တာဟာ ကဗျာဆရာအလုပ်ပါပဲ
မီးသွေးကိုရေဆေးရင် ဖြူလာနိုင်သလား . . .
သူငယ်ချင်းရဲ့ သဘောကရော ဘယ်လိုလဲ
စုန်မှာလား .... ?
ဆန်မှာလား .... ?
ဘေးတိုက် ကူးခတ်မှာလား .... ?
ကန့်လန့်ကာအဖွင့်
လက်ခုပ်သံနဲ့ဖြေဖျော်အပြီး
ကျန်နေမယ့် သြဘာသံ
ဘယ်အသံ ရင်ကို လာမှန်စေချင်တာလဲ
နှလုံးသားတိုင်းကို ဖွင့်မယ့် သော့ဟာ
မိတ်ဆွေတို့ သူငယ်ချင်းတို့ ကျွန်မတို့ လက်ထဲမှာ . . . ။
;
0 comments:
Post a Comment