ကျနော်နဲ့ကျနော့်မိန်းမ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို အလည်ရောက်ခဲ့စဉ်ကပေါ့။
တည်းခိုတဲ့နေရာကလည်း ပဲရစ်မြို့ရဲ့နာမည်ကျော် "ချစ်သူလမ်းကြား" အနီးကဟိုတယ်တစ်ခုမှာလေ။
ညနေစောင်းလဲရောက်ရော ကျနော့်ဇာတိက ပြ လာတယ်၊ အဲဒီ "ချစ်သူလမ်းကြား" ထဲကို
သွားကြည့်ချင်တာလေ။ ဝါသနာပါတာကိုး။
ဒါနဲ့ မိန်းမကိုလှည့်ပတ်ပြောခဲ့ပြီး သူ့ကို ဟိုတယ်အခန်းမှာ ခဏထားခဲ့လိုက်တယ်၊
ပြီးတာနဲ့ ချစ်သူလမ်းကြားတလျှောက် အစုံအဆန်လိုက်ကြည့်မိတယ်... ...
အားပါးပါး...မိန်းမလှလေးတွေဗျာ၊ ပလက်ဖောင်းပေါ်မှာ၊ တိုက်နံရံဘေးမှာ၊
လှေခါးအဆင်းနေရာလေးတွေမှာ...ပေါ
အသားလေးတွေများ ဝင်းစိုအိဖတ်နေလိုက်တာ..ခြေသလုံ
လိုက်ချင်တယ်..တကယ်။ မနေနိုင်တာနဲ့ ကောင်မလေးတစ်ယောက်ကို ကပ်ပြီး မေးကြည့်လိုက်တယ်...
"မိန်းကလေး...ဘယ်ဈေးလဲကွ"
"ရိုးရိုးဆိုရင် ဒေါ်လာ ၂၀၀၊ အစုံဆိုရင် ဒေါ်လာ ၂၅၀"
"ဟင်...အဲလောက်တောင် ဈေးကြီးတာလား၊ ငါ က ၂၅ ဒေါ်လာလောက်ဘဲ ထင်နေတာ"
"အဲဒါဆိုရင်တော့ ...ရှင် ဟိုဘက်တစ်လမ်းကျော်ကိုသွား၊ အဲဒီမှာ ၂၅
ဒေါ်လာတန်တွေရှိတယ်၊ ဒါပေမဲ့ စုပ်ပြတ်နေတာတွေဘဲ ရမှာနော်"
"အော်...အေးပါကွာ၊ မသွားတော့ပါဘူး၊ ပြန်တော့မယ်"
"ကြွ...ကြွ"
ဟူး...မလွယ်ဘူး၊ သွားပြီး စပ်စုမိတာ အကောခံလိုက်ရတာ အဖတ်တင်တယ်။ အခန်းပြန်မှ။
ဒါနဲ့ ဟိုတယ်ကိုပြန်၊ ရေမိုးချိုး၊ မိန်းမကို လက်ဆွဲပြီး
နှစ်ယောက်သားညစာစားဖို့ လမ်းမအတိုင်း ဆိုင်လိုက်ရှာရွေးနေတုံး...
ကံများဆိုးချင်တော့ ခုနက မိန်းကလေးနဲ့ မျက်နှာခြင်းဆိုင်တိုးပါလေရောဗျ
သူကလည်းမှတ်မိတယ်၊ မှတ်မိတာထက်ဆိုးတာက သူ ပြောလိုက်တဲ့ စကားဗျ... ...
"အော်..ခုတော့ ၂၅ ဒေါ်လာတန်ကြီး မ, လာတယ်ပေါ့လေ၊ ကျမ မပြောဘူးလား၊
စုပ်ပြတ်နေတာပါလို့"
"တိန်"
"ကိစ္စမရှိပါဘူး..."
မုတ်ဆိပ်မွေး ပါးသိုင်းမွေးရိတ်ဖို့ လူတစ်ယောက် ဆံပင်ညှပ်ဆိုင်ထဲ ဝင်လာပါတယ်။
သူ့အလှည့်ရောက်တော့ ဆံသဆရာက သူမုတ်ဆိပ်မွေး၊ ပါးသိုင်းမွေးတွေကို စပြီး ရိတ်ပါတယ်..
မုတ်ဆိပ်မွေး နဲ့ နုပ်ခမ်းမွေးကို ရိတ်တဲ့အခါ ပြသနာ မရှိပေမဲ့ပါးသိုင်းမွေးရိတ်တော့ နဲနဲ ခက်နေတယ်။
သူ့ပါးကနဲနဲခွက်နေတာကိုး။
ဒါနဲ့ ဆံသဆရာက သစ်သားနဲ့ လုပ်ထားနဲ့ အလုံးလေး တလုံးကိုပေးလိုက်ပြီး ပြောတယ်..
"ဒါလေးကို ခဏငုံထားလိုက်၊ ဒါမှ ပါးသိုင်းမွေး ရိတ်ရတာ အဆင်ပြေမယ်"..
"အဲ...ဟုတ်တယ်ဗျ"
အဲဒီလူလည်း သဘောကျသွားတယ်၊ ဒီ ဆံသဆရာမဆိုးဘူး တော်တော်ဥာဏ်ပြေးသားဘဲ လို့တွေးနေတယ်။
ညာဘက်ပါးကို ရိတ်တော့ ညာဘက်ပါးစောင်မှာ ငုံလိုက်၊ ဘယ်ဘက်ပါးကို ရိတ်တော့
ဘက်ဘက်ပါးစောင်မှာ ငုံလိုက်နဲ့ လုပ်နေရင်း ဆံသဆရာကို လှမ်းနောက်လိုက်တယ်... ...
"ခုလိုငုံထားတုန်း ခင်ဗျားသစ်သားလုံးလေးကိုမျိုချ
"ကိစ္စမရှိပါဘူးဗျာ။ နောက်နေ့ 'အီး' ပါရင် ပြန်ထွက်လာမှာဘဲ မဟုတ်လား၊
အဲဒီတော့မှရေဆေးပြီး ပြန်လာပေးပေါ့၊ တခြားသူတွေလဲ ဒီလိုဘဲ ပြန်လာပေးနေကျဘဲဟာ"...တဲ့။
"ဖြစ်မှဖြစ်ရလေ"
ဆေးရုံတစ်ခု၏ ခန်းမတစ်ခုအတွင်းမှာဖြစ်သည်။
အမျိုးသမီးငယ်တစ်ယောက်ဟာ တွန်းလှည်းကုတင်လေးပေါ်မှာ ပက်လက်ကလေးစောင့်နေရရှာတယ်။
သူမဟာ ခွဲစိပ်ကုသခံရမှာ ဖြစ်တဲ့ အတွက် အဝတ်အစားမပါ ဗလာကိုယ်တီးနဲ့ ဖြစ်နေလို့
စောင်ဖြူပါးလေးနဲ့ ချုံလွားပေးထားကြတယ်။
ခဏနေတော့ ဝတ်ရုံအဖြူကြီးဝတ်ထားတဲ့ လူတစ်ယောက်
အခန်းအတွင်းဝင်လာပြီး...သူမကို
ပြီးတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ပြန်ထွက်သွားတယ်။
တစ်ခါ...ခဏနေပြန်တော့ ခုနလူ ဝင်လာပြီး စောင်ကို မ, ကြည့်ပြန်တယ်။ ပြီးတော့
ပြုံးပြုံး ပြုံးပြုံးနဲ့ ပြန်ထွက်သွားပြန်တယ်။
အဲ...မကြာခင်ဘဲ ခုနလူ တတိယအကြိမ်အခန်းထဲ ပြန်ဝင်လာပြီး စောင်ကို မ,
ကြည့်ပြန်တယ်။
ဒီတခါတော့ အမျိုးသမီးငယ်က မေးတယ်... ...
"ဒေါက်တာ၊ ကျမကို မကြာခင် ခွဲစိပ်ကြတော့မှာ မဟုတ်လား ဟင်..."
ဒီတော့...အဲဒီလူက ပြန်ဖြေတယ်... ...
"သိဘူးဗျ...ကျနော်က ဒီဆေးရုံကို ဆေးပြန်သုတ်နေတဲ့ ဆေးသုတ်သမားရယ်"
0 comments:
Post a Comment