September 5, 2011

ကျေပါစေ...

ကျေပါစေ.........
ငွေရောင်ဆမ်းတဲ့ လရောင်အောက်မှာ
အေးမြတဲ့ လရောင်နဲ့ အတူ
အတိတ်က စာမျက်နှာတွေကို
အထပ်ထပ် လှန်ကာကြည့်ရင်း
ညဘက်ရဲ့ အထီးကျန်ချိန်တွေကို
နာကျင်စွာ ဖြတ်ကျော်နေတဲ့ကိုယ်ဟာ...
ဝမ်းနည်းမူ့တွေ ပြည့်နှက်နေတဲ့ နှလုံးသားအတွက်
မျက်ဝန်းက မျက်ရည်စတွေနဲ့
အထီးကျန်နေ့ရက်များစွာအတွက်
အတိတ်က ၀ဋ်ကြွေးဆိုရင်...
ဒီမျှနဲ့သာ ကျေပါစေ..............။

0 comments:

Post a Comment

 
;