အချစ်နဲ့ ပက်သက်လာရင် ကိုယ်ရဲ့ခွန်အားတွေဆိုတာဟာ
A ရာဝတီတိုင်းမှာ မွှေနှောက်တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်းလေမုန်တိုင်းလို ကြီးမားပါရဲ့ မေရယ်.....။ မေ့ရဲ့ ပတ်ဝန်းကျင်မှာ ..
B လူး၊ဂုမ္ဘာန် ၀န်းရံစောင့်ကြပ်နေအုံးတော့၊ ကိုယ်ဘာလို့ မှုနေရမှာလဲ .. ဟင်း ..ဟင်း ..၀ီစကီထဲ
C ပလပ်ရောစပ်ပြီးဆတ်ခနဲ မော့ချလိုက်ရင်း ရန်စွယ်တွေမှန်သမျှ အန္တရာဃ်တွေဟူသမျှကို ဟော
Dကောင် ဖြေရှင်းသုတ်သင်ပြပါမယ် မေ။ တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှ စွဲလမ်းစိတ်ကြီးမားတဲ့သူပါမေရယ်၊ ဘယ်လောက်တောင်မေ့အပေါ် စွဲလမ်းသလဲဆိုတော့ မေအမှတ်မထင် လွှတ်ထုတ်လိုက်တဲ့
E သံကလေးကိုတောင် အာရုံထဲမှာ စွဲငြိနေပါသေးတယ်၊ဘာပဲဖြစ်ဖြစ်ကိုယ့်အဖို့တော့ ကြင်နာသူက လမ်းခွဲသွားရင် ကိုယ့်အသည်းတစ်ခုလုံး
F ကွဲကြေမွသွားမှာသေချာပါတယ်မေ၊ မေရယ် ကိုယ်မေတ္တာကို တုံ့ပြန်ပေးပါ။ ကိုယ့်ကို ချစ်ခွင့်ပေးပါ၊ ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ရနံ့ကို ပိုင်ပိုင်နိုင်နိုင် ရှိုက်နမ်းမွှေးကြူခွင့်ပြုပါ။ သည်လိုတောင်းဆိုလိုက်တာတွေနဲ့ ပက်သက်လို့ ကိုယ်ဟာ အင်မတန်မှ
G ကျတဲ့သူရယ်လို့လည်းထင်မှတ် မသွားပါနဲ့အုံး။ မေရယ် ... ကိုယ်တောင်းခံထားတဲ့အချစ်နဲ့ ပက်သက်ပြီး
H ချင်ယောင်လည်း ဆောင်မနေပါနဲ့တော့၊ ကိုယ်ဟာ တစ်သည်းမှာ တစ်သက်၊ တစ်သက်မှာတစ်သည်း၊ မျက်နှာလည်း မများတက်သလို
I တွေ.တိုင်းလည်း ခြေဆေးတက်သူ မဟုတ်ဘူးဆိုတာ ယုံထားလိုက်စမ်းပါ၊ ကိုယ်အခု
J ရုဆလင်နိုင်ငံနဲ့ ပက်သက်တဲ့ သတင်းတစ်ပုဒ် ဖတ်နေတယ် မေ၊ ပြည်တွင်းစစ်မှာ အချင်းချင်း တိုက်ကြခိုက်ကြနဲ့ အငြိုးအတေးကလည်း ကြီးပါ့၊ နဖူးကအမာရွတ် မြင်လေတိုင်း မင်းမဟော်ကို အခဲမကျေဖြစ်နေတဲ့
K ၀ဋ်ပုဏ္ဍားတောင် လက်မြှောက်အရှုံးပေးလောက်ပါရဲ့၊ မေနဲ့ကိုယ်တို့ကြားမှာတော့ လက်ကလေးတွေ တွက်ချိုးရေဖို့ရာ အမျက်ကလေးတွေ သက်ဆိုးမရှည်ခဲ့ပါဘူးနော်၊ ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကိုမေးကြတယ်၊ ကိုယ်ဟာမေ့ရဲ့
L စတုံအိုးကြီးကို သဘောကြလို့ ချစ်သွားတာလားတဲ့၊ ရယ်ပဲရယ်စရာကောင်းသေးတော့၊ ကိုယ်က မေ့ရင်ထဲက ဖြူစင်တဲ့နှလုံးသားလေးကိုသာ ချစ်တဲ့အကြောင်းဖွင့် M ပြောပြလိုက်မှ ငြိမ်သွားကြတယ်၊ ဒါတောင်မှ အထွန့်တက်လာကြသေးတယ်။ မေရယ် .......။
N ဏ္ဏဝါလှိုင်းရေပြင်ထက်မှာတော့ ငှက်မောင်နှံက တူယှဉ်တွဲ ပျံသန်းလို့ပေါ့။ ကိုယ်ဟာ မေ့အပေါ်
O မင်းရင့်ရော်တဲ့အထိ မပြယ်သောမေတ္တာများနဲ့ ချစ်သွားမယ့်သူပါ၊ သည်လိုမျိုး မေ့အပေါ် ထားတဲ့သစ္စာ မ P ပြင်ခဲ့ဘူးဆိုရင် အဏ္ဏဝါမြစ်ရေအလျဉ်ကို အန်တုတားဆီးနေတဲ့
Q ပင်တွေကို နှုတ်ပြီး ကိုယ့်ရင်ဝကို ဆောင့်ထိုးလိုက်ပါတော့။ ကိုယ်ဟာ ဖြီးဖြန်းအပိုကဲလို့ မညာတက်သလို ကျီးကန်းလိုလည်း မ
R တက်ပါဘူး၊ ကိုယ်အချစ်က ငရဲမီး
S ဆစ်အစားခံရတဲ့ ဇဗ္ဗူရာဇ်ရွှေစင်နှလုံးသားပါ မေရယ်၊ စကားတွေကို
T တီတာတာ မဖွဲ့နွဲ့ တက်ပါဘူး၊မေတ္တာတွေပေးခဲ့ပြီင်္း သူမို့ မေတ္တာကိုတော့ ပြန်
U ချင်ပါတယ်မေ။ ကိုယ်အခု ချောင်းသာကမ်းခြေကို အလကားခေါ်မယ့်သူရှိလို့ ရောက်နေတယ်မေ။ သည်စာကို ပင်လယ်က
V ပင်တစ်ပင်အောက်မှာ ရေးနေတာ။ သည်အချိန်မှာပဲ ဘယ်ကကန်ထည့် လိုက်မှန်းမသိတဲ့
W ဘောလုံးတစ်လုံးက ကျောကုန်းကိုလာမှန်တယ်၊ အမယ်လေးလေး၊ အောင့်လိုက်တာ၊ နာလိုက်တာ၊ အဆုတ်တွေ ဘာဖြစ်သွားလဲမသိဘူး၊ ရန်ကုန်ပြန်ရောက်တော့မှပဲ
X ရေး ဓါတ်မှန် ရိုက်ကြည့်ရတော့မှာပဲ။ စာလည်းရှည်သွားခဲ့ ပြီ ....... မေ။ သည်းခံပြီး ဖတ်တာ ကျေးဇူးကမ္ဘာပါ။ အဲ ....... တစ်ခုတော့ ရှိတယ်။ ကိုယ်အပေါ် မေ့ဆီက မေတ္တာတုံ့ပြန်မလာဘူးဆိုရင်တော့ ကိုယ်ဟာ အင်ဂျင်
Y နဲ့ ပိုးသတ်ဆေး သောက်ရင်း
Z ကျိုးလို့ နိဂုံးချူပ်သွားပါလိမ့်မယ် မေ ´´...။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment