မိမိ၏ မြင်းသည် တစ်ခါတစ်ရံ နေရာမှ မရွေ့ ပဲခေါင်းမာနေတတ်သည်နှင့် မြင်းလှည်းဆရာသည်တိရိစ္ဆာန်ဆရာဝန်ထံလာ
ရောက်အကူအညီ တောင်းသည်။
ဆရာဝန်က ဆေးဖယောင်းတိုင် နှစ်ချောင်း (အစိမ်းရောင် တစ်ချောင်း အနီရောင်တစ်ချောင်း) ပေးကာအောက်ပါ အတိုင်းပြော
လိုက်သည်။
နေရာက မရွေ့ပဲ ခေါင်းမာနေရင် အစိမ်းရောင် အချောင်းကို မြင်းရဲ့ စအိုထဲထည့်လိုက်ပါ။ အဲ...ဖြေးဖြေး သွားနေသေးရင်
နောက်ထပ် အနီရောင် အချောင်းကိုထပ်ထည့်ကြည့်ပါ တဲ့......။
ရက်အနည်းငယ်ကြာသောအခါ မြင်းဆရာနှင့် တိရိစ္ဆာန်ဆရာဝန်တို့ လမ်းတွင်ဆုံမိကြသည်....။ထိုအခါ တိရိစ္ဆာန် ဆရာဝန်က
ဘယ့်နဲ့လဲဗျ........ကျုပ်ပေးတဲ့ ဆေးဖယောင်းတိုင် စွမ်းရဲ့လား....
ထိုအခါ မြင်းဆရာက..........
စွမ်းပါသကော ဆရာရယ်... မနေ့က ထုံးစံအတိုင်း ဒီကောင် လုံးဝမထ ပဲ ပေကပ်ကပ် လုပ်နေတာလေ.......
အဲဒါနဲ့ ဆရာပြောတဲ့အတိုင်း အစိမ်းရောင် ဆေးဖယောင်းတိုင် ထည့်လိုက်ရုံ ရှိသေးတယ် ဒီကောင် ချက်ချင်း ထပြီး တစ်ခါ
တည်း ဒုန်းစိုင်းပြေးတော့တာပဲ.......။ ကျွန်တော်လည်း ဘယ်ရမလဲ ဒီကောင်ကြီး ကို မိအောင် ကျန်တဲ့ အနီရောင် ဆေးဖယောင်းတိုင်ကို ကျွန်တော့် ရဲ့ စအိုထဲ ထည့်ပြီး အတင်းလိုက်တာပေါ့ ၊ ငါးမိနစ်အတွင်း ဒီကောင့် ကိုပြန်မိတယ်ဗျ ၊
အံ့ရောပဲ ဆရာရယ်......။။။။။။။။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment