April 1, 2011

ေ၇ာက်တတ်ရာရာဟာသများ

 
အသက်ရှူခြင်း
ရန်ကုန်မန္တလေး ဘတ်စ်ကားကြီးနဲ့ စီးလာလိုက်ကြတာ မောင်းပြီး၃ နာရီလောက်ကြာတော့
လမ်းမှာ ဟိုင်းလတ် ကားလေးတစ်စီး ရပ်ထားတာတွေ့တ ယ် ။
စက်ဖုံးကြီးလဲဖွင့်လို့ပေါ့ ။
ငပွေးက တင်အောင်ကိုလှမ်းမေးတယ် ။ "ဟေ့ကောင်ဟိုကားဘာဖြစ်တာလဲ"
တင်အောင်လည်း ရွာမှာဆရာကြီးဆိုတော့ ...
"အ ပါ့ကွာ ..သူလဲဒီလောက်အဝေးကြီးပြေးလာရတာ မောလို့ ပါစပ်ဟပြီးအသက်ရှုနေတာပေါ့ကွ"
ငပွေး အူကြောင်ကြောင်ဖြစ်ပြီး ရပ်ထားတဲ့ကားကိုတအံ့တသြ ကြည့်နေရှာတယ်။
တစ်နေရာလည်း..ရောက်ရော သူတို့စီးလာတဲ့ကားက ထိုးရပ်သွားတယ်။
"ခရီးသည်များအားလုံး ကျွန်တော်တို့ကားအင်ဂျင်ပူသွားလို့ ခဏနားပါမယ်။ အောက်ခဏဆင်းပြီး အပေါ့အပါးသွားနိုင်ပါတယ် " ဆိုတဲ့ စပါယ်ယာ အော်သံထွက်လာတယ်။
ငပွေးနဲ့တင်အောင်လည်း အောက်ကိုဆင်းကြတာပေါ့။
အောက်လည်းရောက်ရော ငပွေးက တင်အောင်ကို မျက်စပစ်ပြပြီး နှစ်ယောက်သား မျက်စိမျက်နှာပျက် သွားကြတယ်။ ကားပေါ်ကိုခပ်ကုပ်ကုပ်လေး ပြန်တက်ထိုင်နေလိုက်ကြတယ်။
တစ်ယောက်နဲ့တစ်ယောက်လည်း စကားတောင်မပြောနိုင်တော့ဘူး။
ရန်ကုန်ကားဂိတ်ရောက်တော့ သူတို့ဘကြီးက စောင့်နေနှင့်တာပေါ့။
"ငပွေးနဲ့တင်အောင် မင်းတို့ မျက်နှာလဲမကောင်းပါလား ဘာဖြစ်လာ…. "
ဘကြီးတောင် စကားမဆုံးသေးဘူး ... ဘကြီးလက်ကို နှစ်ယောက်သားဆွဲပြီး ပြေးလိုက်တာ
အ၀တ်အိတ်တွေ မနိုင်မနင်းနဲ့ ကားဂိတ်နဲ့ခပ်ဝေးဝေးလဲရောက်ရော …
"ဘကြီးရာ ပြောမနေပါနဲ့တော့...သူများကားတွေ မောလို့အသက်ရှုတာ
ပါးစပ်ဖွင့်ပြီးရှုပါတယ်... ကျွန်တော်တို့ကားကျမှ ဖင်လှန်ပြီးရှုရတယ်လို့ …
ရှက်လွန်းလို့ ကားနားတောင်မနေရဲတော့ဘူး " တဲ့ …။

 

 

စိတ်ဆိုးစရာလားဘာလို့ အလုပ်က ထွက်လာတာလဲ”

“သူဌေးက အပြောအဆိုမတတ်လို့ပါ”

“ဟေ ဘယ်လိုပြောလို့လဲ”

“ကျွန်မကို သိပ်လှတာပဲတဲ့”

“ဒါလောက်ကလေး ပြောတာနဲ့ စိတ်ဆိုးရသလား”

“ကျွန်မက စိတ်မဆိုးပါဘူး၊ သူ့မိန်းမစိတ်ဆိုးသွားတာ၊ သူ့မိန်းမရှေ့ပြောတာကိုး”



ယောက်ျား 
တီဗီထိုင်ကြည့်နေသော ယောက်ျားအား မီးဖိုခန်းထဲမှ ထွက်လာသော မိန်းမက စလောင်းဖုံးဖြင့် ခေါင်းရိုက်လိုက်သည်။
“ဘာဖြစ်တာလဲ”
“ရှင့်အိတ်ကပ်ထဲက တွေ့တဲ့လက်မှတ်ပေါ်က လော်ရာဆိုတာ ဘယ်သူလဲ”
“ဟာ၊ အဲဒါ ငါမြင်းပွဲသွားတုန်းက လောင်းခဲ့တဲ့ မြင်းနာမည်ပါ”
မိန်းမက ဘာမှမပြောတော့ဘဲ လှည့်ထွက်သွားသည်။ နောက်တစ်နေ့တွင် မိန်းမကယောက်ျားကို စလောင်းဖုံးဖြင့် ဆော်ပြန်သည်။ ပို၍ အားပြင်းပြင်းဖြစ်သည်။
“ဟ ဘာဖြစ်ပြန်ပြီလဲ”
“ရှင့်မြင်းမ အခုလေးတင် ရှင့်ဆီဖုန်းဆက်တယ်”

ပိုမူးအောင် လုပ်နေလို့
အရက်မူးနေသူ တစ်ယောက်က ဆိုင်ရှင်ကို ပြောလိုက်သည်။
“ ကျွန်တော် ခင်ဗျား ဆိုင်မှာ သောက်တာ ဒါ ပထမဦးဆုံး အကြိမ်ပဲ။ ဒါပေမယ့် မနက်ဖြန်က စပြီး မလာတော့ဘူးဗျာ ”
“ ကျွန်တော့် ဆိုင်က အရက်မကောင်းလို့လား၊ ဆက်ဆံရေး မကောင်းလို့လား ”
“ အာ....အရက်လည်း ကောင်းတယ်။ ဆက်ဆံရေးလည်း ကောင်းတယ်...ဒါပေမယ့်..... . ”
“ ပြောပါဗျာ...အားမနာပါနဲ့ ”
“ စိတ်တော့ မရှိပါနဲ့ဗျာ၊ ခင်ဗျားဆိုင်မှာ ကပ်ထားတဲ့ အရက်ကြော်ငြာ မင်းသမီးတွေက ကျွန်တော့်ကို အရက်ပိုမူးအောင် လုပ်နေလို့ပါ”

ဒီအချိန်ရောက်လာရင်..
ဆေးခန်းတစ်ခုတွင် ဆရာဝန် ရောက်မလာသောကြောင့် လူနာအားလုံး လည်တဆန့်ဆန့် ဖြစ်နေကြသည်။ ထို့ကြောင့် သူနာပြု ဆရာမက အားပေးစကား ပြောလိုက်သည်။ “ အားနာလိုက်တာရှင်...ဒီနေ့မှ ဆရာက အစည်းအဝေးတစ်ခု မဖြစ်မနေတက်နေရလို့။ သည်းခံကြပါရှင်...ခဏနေ ရောက်တော့မှာပါ”
ထိုတွင် လူတစ်ယောက်က ထပြောလိုက်သည်။
“ ဆရာမ ကျေးဇူးပြုပြီး ကျွန့်တော့် နာမည်လေး ဖျက်လိုက်ပါတော့၊ ကျွန်တော် သွားစရာလေး ရှိနေသေးလို့ပါ ”
“ စောင့်လက်စနဲ့ ခဏလေး စောင့်လိုက်ပါ့လား။ ဒါနဲ့..ရှင်က ဘာရောဂါဖြစ်နေလို့လဲ ”
“ ကျွန်တော်က အရက်ဖြတ်မလို့ပါ။ ဒါပေမယ့် ဒီအချိန်က ကျွန်တော် သောက်နေကျ အချိန်လေ..နည်းနည်းတောင် နောက်ကျသွားပြီ ” 


သူခိုးလေး 
ဇနီးသည် မီးဖွားမည့်ရက် နီးကပ်လာသဖြင့် ကိုဘမောင် ဗေဒင် ဆရာမဆီ သွားသည်။
ဗေဒင် ဆရာမက ပြောသည်။
" လက်သီးဆုပ်ပြီး မွေးလာတယ်ဆိုရင် ကြီးလာတဲ့အခါ သူခိုး၊ဓါးပြ ဖြစ်မယ်။
လက်ဖြန့်ပြီးမွေးလာတယ်ဆိုရင် ကြီးလာရင် လူကောင်းဖြစ်မယ် "
မွေးမည့်ရက် ရောက်လာသည်။ အခန်းရှေ့တွင် ကိုဘမောင် ဂနာမငြိမ် ဖြစ်နေသည်။
မွေးပြီးဆိုသည်နှင့် သားဖွားခန်းထဲပြေးဝင်ပြီး သားငယ်ကို ငုံ့ကြည်သည်။
ကလေးမှားလက်သီးဆုပ်ပြီး မွေးလာသည်ကိုတွေ့ရသည်။ သို့နှင့် ကလေးနားကပ်ပြီး
အော်သည်။
" သား၊ သား၊ လက်ကို ဖြန့်လိုက်၊ ဖြန့်လိုက် "
ချာတိတ်က ပြန်ပြောသည်။
" အဖေ . . . အော်မနေနဲ့၊ ကျွန်တော့လက်ထဲမှာ ဆရာဝန်ရဲ့ လက်စွပ် "


ခြွင်းချက်တွေ ရှိပါတယ်
လူငယ်နှစ်ယောက် စကားပြောနေကြသည်။
" တစ်ပြိုင်တည်း လှလည်း လှ၊ ဥာဏ်လည်းကောင်းတဲ့အမျိုးသမီးဆိုတာ
မရှိတဲ့အတွက် ၀မ်းနည်းစရာပဲနော် "
" ဘာလို့မရှိရမှာလဲ၊ ရှိပါတယ် "
" ပုံမှန်အားဖြင့် မိန်းကလေးတစ်ယောက်ဟာ လှတယ်ဆိုရင် ထုံတတ်တယ်။ အဲ
ဥာဏ်ကောင်းတယ်ဆိုရင် ရုပ်ဆိုးမ ဖြစ်နေတတ်တယ် လေဗျာ"
" ခြွင်းချက်တွေ ရှိပါတယ် "
" ဟုတ်ပါတယ်၊ ထုံလည်း ထုံ ရုပ်လည်းဆိုးတဲ့ အမျိုးသမီး "

0 comments:

Post a Comment

 
;