April 13, 2011

ထွေရာလေးပါးဟာသများ

ပြဿနာ

ဧည့်သည် ။ ။ ဒီစွပ်ပြုတ်ကို မသောက်နိုင်ဘူး။
စားပွဲထိုး ။ ။ ကျွန်တော် မန်နေဂျာကို ခေါ်ပေးပါမယ် ခင်ဗျာ။
ဧည့်သည် ။ ။ မန်နေဂျာကြီးရေ၊ ကျွန်တော် ဒီစွပ်ပြုတ်ကို မသောက်နိုင်ဘူးဗျ။
မန်နေဂျာ ။ ။ ဝမ်းနည်းပါတယ် ခင်ဗျာ၊ ကျွန်တော်ပိုင်ရှင်ကို ခေါ်ပေးပါမယ်။
ပိုင်ရှင် ။ ။ ဘာပြဿနာ ဖြစ်နေလို့ပါလဲ။
ဧည့်သည် ။ ။ ပြဿနာ မဟုတ်ဘူး ။ စွပ်ပြုတ်သောက်ဖို့ ဇွန်းပါမလာလို့။
 

နေကာမျက်မှန်

ဒစ် ။ ။ မိုးရွာတဲ့နေ့ဆိုရင် ငါအမြဲတမ်း နေကာမျက်မှန်တပ်တယ်။
ဒေါ့ ။ ။ ဘာဖြစ်လို့လဲ။
ဒစ် ။ ။ ငါ့မျက်စိကို သူများထီးတွေ ထိုးမိမှာ ကြောက်လို့။
 

မုဆိုးကျော်

ကောင်လေး ။ ။ ငါက မုဆိုးကျော်ကွ၊ နှစ်ပေါင်းများစွာ အလာစကာမှာ ငါခြင်္သေ့တွေ ပစ်လာခဲ့တာ။
ကောင်ကြီး ။ ။ မဖြစ်နိုင်ပါဘူးကွာ၊ အလာစကာမှာ ခြင်္သေ့မှ မရှိဘဲ။
ကောင်လေး ။ ။ မရှိဘူးလေ၊ ငါကအားလုံးကို ပစ်သတ်ခဲ့တာကိုး။
 

ရေရဲ့ ဖော်မြူလာ

ဆရာ ။ ။ ရေရဲ့ ဖော်မြူလာ ဘာလဲ။
ဂျင်မီ ။ ။ H,I,J,K,L,M,N,O
ဆရာ ။ ။ ဒါဆရာပြောခဲ့တဲ့ ရေရဲ့ ဖော်မြူလာ မဟုတ်ပါဘူး။
ဂျင်မီ ။ ။ ဆရာပဲ H to O ဆို။
 

ဆရာဝန်မှားနေပြီ

လူနာ ။ ။ ကျွန်တော် နေမကောင်းလို့ပါ ဆရာ။
ဆရာဝန် ။ ။ ဘာဖြစ်လာတာလဲ။
လူနာ ။ ။ မြင်းတစ်ကောင်လို ကျွန်တော် အလုပ်လုပ်ရတယ်။ ငှက်စာပဲ စားရတယ်။ ခွေးတစ်ကောင်လို မောပန်းနေတယ်။
ဆရာဝန် ။ ။ သည်လိုဆိုရင်တော့ တိရစ္ဆာန် ဆရာဝန်နဲ့ပဲပြပါ။

အစားထိုးစရာ

စာရေးတဲ့ ဘောလ်ပင်ကို သူ့သား အငယ်ကောင် မျိုချလိုက်ကြောင်း ဆရာဝန်ကို အရေးပေါ် ဖုန်းဆက်ပြီး ပြောတယ်။
‘ခုချက်ချင်းလာခဲ့မယ်။ ဒါနဲ့ အခုခင်ဗျား ဘာလုပ်နေလဲ’
‘ခဲတံနဲ့ စာရေးနေရတာပေါ့’....


 ဖြစ်မှဖြစ်ရလေ

‘ကမ္ဘာဦး လူသားအာဒမ်ကတော့ လူနုံလူအပါပဲကွာ’
‘ဧဒင်ဥယျာဉ်ထဲမှာ လှပတဲ့ ကိုယ်လုံးတီး အမျိုးသမီးနဲ့ တွေ့ဆုံချိန်မှာ သူဘာလုပ်မယ် ထင်သလဲ၊ နမ်းတာ၊ ပွေ့ဖက်တာ၊ ချစ်တာတွေ လုပ်တယ်လို့များ ထင်နေသလား’
‘သစ်သီးစားချင်တာတဲ့’.........

သုံးနှစ်သမီးမှာ ကလေးမွေးတာ

ကိုယ့်မိန်းမက သူ့အသက်ကို လိမ်ပြောနေတယ်လို့တော့ ကိုယ်မပြောရဲဘူး။
ဒါပေမဲ့ ကိုယ့်တို့သား အကြီးကောင်ကို ကိုယ့်မိန်းမ သုံးနှစ်သမီးမှာ မွေးခဲ့တာလို့ သူက လူတွေယုံကြလိမ့်မယ် ထင်နေတာ။

အလုပ်ဖြစ်တယ်

ဘီလ်။ ။ မင်းကြော်ငြာထည့်တာ အလုပ်ဖြစ်ရဲ့လား။
ပီတာ။ ။ ဖြစ်သလား မမေးနဲ့။ စတိုး ဆိုင်ညစောင့် အလိုရှိသည် လို့ ကြော်ငြာ ထည့်လိုက်တာ။ အဲသည် ညတွင်းချင်းပဲ ဆိုင်အဖောက်ခံရတယ်။

စမ်းသပ်နည်း

အမျိုးသမီး လုပ်ငန်းရှင် နှစ်ယောက် အသေးစား စီးပွားရေး လုပ်ငန်း တစ်ခုမှာ ဘယ်လိုအခက်အခဲတွေ ရှိသလဲဆိုတာ ဆွေးနွေးကြတယ်။
‘ကျွန်မတော့ အတွေ့အကြုံသစ် တစ်ခု မနှစ်ကရလိုက်တယ်’ လို့ ပထမတစ်ယောက်က ပြောတယ်။
‘ကျွန်မ အလုပ်သမားတွေကို သုံးလပြည့်ရင် တစ်ပတ် မနားမနေရ နားခိုင်းတယ်’ ဆိုပြီး သူကဆက်ပြောတယ်။
‘ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ’ လို့ အခြားတစ်ဦးက မေးပါတယ်။
‘သိပ်ကောင်းတဲ့ နည်းရှင့်၊ ဒီလိုနားခိုင်းတော့ ဘယ်သူမရှိလဲ အလုပ်ဖြစ်သလဲဆိုတာ ကျွန်မသိတာပေါ့’ ဆိုပြီး သူကဖြေတယ်။

0 comments:

Post a Comment

 
;