တနေ့ ကျေးလက်ရွာလေးတစ်ရွာက တောသားလေးတစ်ယောက် မြို့ကိုရောက်လာတယ်လေ။မြို့ကိုရောက်တော့ မြို့ရဲ့ကြီးကျယ်ခမ်နားပုံတွေကို အံ့သြစွာကြည့်နေတာပေါ့ .................
ဒီလိုနဲ့ကွမ်းယာရောင်းတဲ့ဆိုင်နားရောက်တော့ သူကတွေးလိုက် မြို့ကလူတွေကတော့ ကွမ်းယာကိုတောင်ရောင်းစားတယ် ကွာငါတို့ရွာမှာဆိုအလာကားစားရတယ်ဟင်း..........ဆိုပြီးတော့လေ
သူကလဲကွမ်းယာစားချင်နေတော့မတတ်နိုင်ဘူးလေဆိုပြီး ကွမ်းယာဆိုင်ထဲကိုဝင်လိုက်တယ်လေ
ရွာသား။ ကွမ်းယာတစ်ရာဖိုးလောက်
ဈေးသည်။ ဘာနဲ့စားမလဲ
ရွာသား။ ထည့်လို့ရတာအကုန်ထည့်(တန်အောင်စားမယ်ကွဟင်း ရွာသားဆိုပြီးအထင်မသေးနဲ့ကွ)
ဈေးသည်။ ကွမ်းယာရပြီ
ရွာသား။ငွေတစ်ရာကိုပေးပြီးတော့ ပြုံးစိစိနဲ့ထွက်သွားလိုက်တာပေါ့
ရွာသားကလမ်းရောက်တော့ကွမ်းယာကိုမစားခင် ဘာတွေထည့်ထားလဲဆိုပြီးဖွင့်ကြည့်လိုက်တော့ စမှုံစပါးတွေကိုတွေ့တာပေါ့ သူကစမှုံစပါကိုတွေ့တော့ ဒေါသထွက်သွားတယ်လေ ။
သူ့ညီအိမ်ရောက်တော့ သူကသူ့ညီကို ဒီလိုပြောတာပေါ့ တောက်ငါ့ကိုတောသားဆိုပြီးတော့
အထင်သေးပြီး ဒီကောင်တွေငါ့ကွမ်းယာထဲကို စပါးတွေထည့်ပေးလိုက်တာလေ ဟင်းငါကလဲ ဘယ်ရမလဲ သူတို့ရဲ့ ထုံးအိုးထဲမှာ တုတ်ချောင်းကြီးကျ နေတာငါမပြောပဲထွက်လာခဲ့တာပေါ့ဟင်း.........
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment