ကျွှန်တော်တို့ လူသားတွေဟာ တစ်နေ့ထက်တစ်နေ့ တစ်ရက်ပြီးတစ်ရက် ရင့်ကျက်လာကြတာ အတွေးအခေါ်တွေ မြင့်မားလာကြတာ အမှန်ပါ။ ဒီလို မြင့်မားလာတဲ့ အတွေးအခေါ်တွေမှာလဲ တစ်ဦးနဲ့တစ်ဦးလဲ မတူနိုင်ပါဘူး။ ဒီလိုမတူနိုင်တဲ့ အတွေးအခေါ်တွေကို ကျွှန်တော်တို့လူသားတွေက တစ်ဦးနဲ့တစ်ဦး ဝေမျှလက်ဆင့်ကမ်းပေးမယ် အမြင်ချင်းတွေ ဖယ်လှယ်ပေးကြမယ်ဆိုရင် ဒီ့ထက်ပိုပြီး တိုးတက်တဲ့ ကမ္ဘာကြီးကို ကျွှန်တော်တို့မြင်တွေကြမှာ မလွှဲဧကန်ပါ...ထို့အတွက်ကြောင့် ကျွှန်တော်ဖတ်ခဲ့ဖူးတဲ့ ဆရာဦးသန်းထွတ်(ပါမောက္ခ)ငြိမ်း ပညာရေးတက္ကသိုလ်ရဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများ၏ စကားအဆိုအမိန့်များဆိုတဲ့ စာအုပ်လေးထဲကနေပြီး ကောင်နုတ်တင်ပြလိုက်ပါတယ်...
(1) Learn from past mistakes to avoid future ones.Cure the sickness to save the patient.(Mao Tse-Tung)
(၁) အနာဂါတ်မှားယွင်းမှုကိုရှောင်တိမ်းနိုင်ဖို့ အတိတ်ကမှားယွင်းမှုကို လေ့လာဆင်ခြင်ပါ။ လူနာကိုကယ်ထင်ဖို့ ရောဂါကိုကုစားရမယ်။(မော်စီတုန်း)
(2) Follow your own bent,no matter what people say.(Karl Marx)
(၂) မိမိကိုယ်ပိုင်ခံယူချက်သဘောထားအတိုင်း လိုက်နာဆောင်ရွက်ပါ။ လူတွေပြောတာ အရေးမကြီးပါဘူး။(ကားလ်မတ်)
(3) The strongest man in the world is he who stands most alone.(Henrik Ibsen)
(၃) ကမ္ဘာမှာအသန်စွမ်းဆုံးလူဆိုသည်မှာ သူတစ်ဦးတည်းရပ်တည်နေသူဖြစ်သည်။(ဟင်းရစ်အစ်ဆင်)
(4) General and abstract ideas are the source of the greatest errors of mankind.(Rousseau)
(၄) ယေဘုယျဆန်ခြင်းနဲ့ စိတ်ကူးယဉ်ဆန်ခြင်းဟာ လူသားတွေရဲ့ အကြီးမားဆုံး အမှားအယွင်းများရဲ့ ရေသောက်မြစ်ပါ။(ရူးဆိုး)
(5) To say that a man is an idealist is merely to say that he is a man.(G.K Chesterton)
(၅) လူသားတစ်ယောက်ကို စိတ်ကူးယဉ် အတွေးအခေါ်သမားဖြစ်တယ်လို့ပြောတာဟာ သာမန်အားဖြင့်ပြောရရင် သူဟာလူသားတစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲ။(ဂျီ.ကေ ချက်စတာတွန်)
(6) Anybody can make history; Only a great man can write it.(Oscar Wilde)
(၆) သမိုင်းကိုလူတိုင်းဖန်တီးနိုင်ပါတယ်။ ဒါပေမဲ့ တကယ်ကြီးမြတ်တဲ့ပုဂ္ဂိုလ်ကသာ သမိုင်းကိုပြုစုနိုင်ပါတယ်။(အော်စကာဝိုင်း)
(7) Truth is immortal; error is mortal.(Mary Bakre Eddy)
(၇) သစ္စာတရားဟာ တည်တံ့တယ်။ မှားယွင်းတဲ့တရားကတော့ မတည်မြဲပါဘူး။(မေရီဘိတ်ကာအက်ဒီ)
(8) Educatoin is a social process and growth.Education is not preparation for life; education is life ifself.(John Dewey)
(၈) ပညာရေးဟာ လူမှုရေးဖြစ်စဉ်နဲ့ ဖွင့်ဖြိုးမှုဖြစ်တယ်။ ပညာရေးဟာ ဘဝအတွက်ပြင်ဆင်တာမဟုတ် ပညာရေးသာ ဘဝဖြစ်တယ်။(ဂျွန်ဒူဝီ)
(9) Speak bodly,and speak truly,Shame the devil.(John Fletcher)
(၉) ရဲရဲပြောပါ။ အမှန်အတိုင်းပြောပါ။ မဟုတ်တာကို လုပ်မိမှာကို ရှက်ပါ။(ဂျွန်ဖလက်ချာ)
(10) Consideration for others is the basis of all true courtesy.(Gertrude E.Mc Venn)
(၁၀) တစ်ခြားလူအတွက် ဦးစားပေးစဉ်းစားတတ်တာခြင်းသည် ယဉ်ကျေးသိမ်မွေ့မှုအမူအရာ မှန်သမျှရဲ့ အခြေခံသဘောဖြစ်သည်။(ဂါထရု အီးမက်ဘင်)
သူငယ်ချင်းများအားလုံး စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ...from, protean_boy!!!

0 comments:
Post a Comment